ငါတို့ဖြစ်ရ ဤလောကဝယ်
ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ
တို့စွမ်းရာဖြင့်
တို့သာသနာ တို့ပြည်ရွာကို
သာယာစေမှု လုံ့လပြုအံ့။


founder

သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်

သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်သည် သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ အဓိပတိ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်တည်ထောင်တော်မူသော သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ စတုတ္ထမြောက် တက္ကသိုလ်ဖြစ်ပါသည်။
သီတဂူဟူသည် တည်ထောင်သူ ဆရာတော်ကြီး၏ ထင်ရှားသော ဝိသေသန အသုံးအနှုန်းဖြစ်ပြီး အေးချမ်းသော လရောင်အလင်းဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ ကေတုမတီဟူသည် ဤတက္ကသိုလ်တည်ရှိရာ နေရာ၏ ရှေးက ထင်ရှားခဲ့သော မင်းနေပြည်တော်အမည်ဖြစ်ပါသည်။ သတ္တိ၊ဗျတ္တိ လက်ရုံးရည် နှလုံးရည်တို့နှင့် ပြည်စုံသူတို့ စုဝေးတည်ရှိရာ မြို့နေရာဟူသော အဓိပ္ပါယ်ဖြစ်သည်။
ထို့ကြောင့် ဦးဆောင်တည်ထောင်သူ ဆရာတော်ကြီး၏ ထင်ရှားသော ဝိသေသနအမည်နှင့် ရှေးယခင်က ထင်ရှားကျော်ကြားခဲ့သော ဤနေရာဒေသ၏ အမည်နာမနှစ်ခုကို ပေါင်းစပ်ကာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ဟု အမည်မှည့်ခေါ်ခြင်းဖြစ်ပါသည်။
ပညာလိုလား မှီခိုအားထားလာသူတို့အတွက် မေတ္တာရိပ်ဖြင့် အေးချမ်းနွေးထွေးစေပြီး အသိပညာ၊ အတတ်ပညာ တို့ဖြင့် နှလုံးသားလှစေမည်ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။

တည်ထောင်သည့်ကာလ​

ဤတက္ကသိုလ်ကြီးကို ၁၃၇၈ ခုနှစ် ဝါဆိုလပြည့်၊ ၁၉၊၇၊၂၀၁၆ ခုနှစ်၊ အင်္ဂါနေ့တွင်  တည်ထောင်ခဲ့ပါသည်။

ဦးဆောင်တည်ထောင်သူ

ဦးဆောင်တည်ထောင်သူမှာ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရဖြစ်ပါသည်။

ကျောင်းအုပ်ဆရာတော်

လုပ်ငန်းအရပ်ရပ်ကို စီမံကြီးကြပ် ဆောင်ရွက်သည့် ကျောင်းအုပ်ဆရာတော်မှာ ဒေါက်တာအရှင်တိက္ခသာရ ဖြစ်ပါသည်။

သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် အကြောင်း သိကောင်းစရာ

သင်တန်းများ

ဒီပလိုမာတန်း

သတ်မှတ်ကာလ – (၂) နှစ်

ပိုမိုသိရှိရန်

ဘီအေတန်း

သတ်မှတ်ကာလ – (၃) နှစ်

ပိုမိုသိရှိရန်

မဟာတန်း

သတ်မှတ်ကာလ – (၂) နှစ်

ပိုမိုသိရှိရန်

ဗုဒ္ဓတက္ကသိုလ် ကျောင်းဝန်း


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊
မင်းကြီးဆွေရပ်ကွက်၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် (တောင်ငူ)
sitaguketumati.academy@gmail.com
၀၉ ၇၉၇၄၃၉၈၂၆ ၊ ၀၉ ၄၅၆၈၅၃၀၈၃

လာရောက်လေ့လာသူဉီးရေ

001440
Users Today : 6
Users Yesterday : 2
Users This Month : 28

လူမှုမီဒီယာ ကွန်ယက်


Facebook

အသုံးဝင်သည့် Link များ

ရှာဖွေရန်

Copyright © 2021 SKBU TaungooDeveloped with ❤ by

Ultimate Solutions Co., Ltd.