သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်အကြောင်း
Home | About
သီတဂူကမ္ဘာတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိဆရာတော်
ဆရာတော်ကို သည် မြန်မာသက္ကရာဇ် ၁၂၉၈ – ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘကြီးဘုန်းတော်ကြီးထံတွင် ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ သို့သော် ဘွဲ့အခမ်းအနား မကျင်းပဖြစ်တော့သောကြောင့် အောင်မြင်ခဲ့သော်လည်း ဘွဲ့မရခဲ့ပေ။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။
သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် သီတဂူ အရှင်တိက္ခသာရ
၁၃၄၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃-ရက် စနေနေ့ (၂၃.၈၁၉၈၆) နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာအုပ်စု၊ ချောင်းဖြူအနောက်ရွာတွင် ခမည်းတော် ဦးတင်အေး မယ်တော် ဒေါ်ကြင်အေးတို့မှ မီးရူးသန့်စင်ဖွားမြင်တော်မူခဲ့သည်။
မွေးချင်း ၅-ယောက်တွင် စတုတ္ထမြောက် သားရတနာဖြစ်သည်။ ကျွန်းကုန်းကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာ၊ တောရအခြေခံပညာမူလတန်းကျောင်းတွင် ၃-တန်းအောင်မြင်သည်အထိ ပညာသင်ယူခဲ့သည်။
သက်တော် (၉)နှစ်အရွယ်၊ ၁၃၅၇ ခု၊ တန်းခူးလဆန်း (၁၁)ရက်နေ့တွင် မိဘနှစ်ပါး၏ ပစ္စည်းလေးပါး ထောက်ပံ့မှုဖြင့် တောင်ငူမြို့၊ သီတာရုံစာသင်တိုက်ဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။
၁၃၅၈ ခုနှစ်မှစတင်ကာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၆-ရပ်ကွက်၊ ကမ္ဘာအေးလမ်း၊ သီတရုံပရိယတ္တိတိုက် ဆရာတော် အရှင်ပါရဂူပဏ္ဍိတ နှင့် စာချဆရာတော်များထံတွင် ဆည်းကပ်ကာ လောကုတ္တရာစာပေများကို စတင်သင်ယူခဲ့သည်။